ရွှေ့ပြောင်းနေထိုင်သူများ၏ အခွင့်အရေးနှင့် အရင်းအမြစ်များ စင်တာ

နောက်ဆုံးပြင်ဆင်ချိန် - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

သတိပေးချက် - ဤစာရွက်စာတမ်းကို ပညာရေး၊ မြို့ပြရေးရာနှင့် ထောက်ပံ့ကူညီရေးတို့အတွက် ရည်ရွယ်ပါသည်။ ဤဝက်ဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာများကို ဥပဒေအကြံဉာဏ်အဖြစ် မရည်ရွယ်ပါ သို့မဟုတ် ဥပဒေအကြံဉာဏ်အဖြစ် မှတ်ယူခြင်း မပြုသင့်ပါ။ ၎င်းသည် ဥပဒေအကြံဉာဏ်ကဲ့သို့ ထင်ရသော်လည်း သင့်တစ်ဦးတည်းသော အခြေအနေအတွက် ဥပဒေအကြံဉာဏ် မဟုတ်ပါ။ အခြေအနေတိုင်းသည် ကွဲပြားခြားနားပါသည်။ သင့်အခြေအနေအတွက် ဥပဒေအကြံဉာဏ်လိုအပ်ပါက ကျွမ်းကျင်သော ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပါ။

ဒုတိယအကြိမ် ထရမ့်အစိုးရသည် အမေရိကန်သမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ငံရွှေ့ပြောင်းနေထိုင်သူများအား အစုလိုက်အပြုံလိုက် ပြန်ပို့ခြင်းဆိုင်ရာ အစီအစဉ်အပါအဝင် တိကျပြတ်သားသော လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို အကောင်အထည်ဖော်မည်ဟု ခန့်မှန်းရပါသည်။ ဤမူဝါဒများသည် ရွှေ့ပြောင်းနေထိုင်သူ မိသားစုများနှင့် လူ့အဖွဲ့အစည်းများကို ဦးတည်နိုင်ပြီး အရေးယူဆောင်ရွက်မှုများကို တိုးမြှင့်လာ၍ နိုင်ငံသားမဟုတ်သူများအတွက် အကာအကွယ်များကို အားနည်းစေနိုင်သည်။ ရွှေ့ပြောင်းနေထိုင်သူများသည် အောက်ပါအခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်

  • နောက်ဆုံးအပြီးအပိုင် ပြည်နှင်ရေး အမိန့်ရရှိထားသူများ သို့မဟုတ် ရာဇဝတ်မှု မှတ်တမ်းရှိသူများကို ဦးတည်သည့် ပြည်နှင်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း။
  • တင်းကျပ်လာသော ခိုလှုံခွင့်ဆိုင်ရာ မူဝါဒများကြောင့် ဒုက္ခသည်များအတွက် အကာအကွယ်ရှာဖွေရန် ပိုမိုခက်ခဲလာခြင်း
  • အရေးယူမှုများကို ကြောက်ရွံ့သောကြောင့် ရွှေ့ပြောင်းနေထိုင်သူများ၏ လူမှုဘဝတွင် ပါဝင်ဆောင်ရွက်မှုကို လျော့နည်းစေသော အကျိုးသက်ရောက်မှုများ။

သင်၏ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေ မည်သို့ပင်ရှိစေကာမူ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သင့်တွင် အာမခံချက်ရှိသော အခွင့်အရေးများရှိသည်။ သင်၏ အခွင့်အရေးများကို နားလည်ထားပြီး ဖြစ်နိုင်ခြေရှိသော အပြောင်းအလဲများအတွက် ပြင်ဆင်ခြင်းသည် သင့်ကိုယ်သင်နှင့် သင့်အသိုင်းအဝိုင်းကို ကာကွယ်ရာတွင် အရေးကြီးသော အဆင့်များဖြစ်သည်။ သင်၏ အခွင့်အရေးများတွင် တရားမဝင် ရှာဖွေမှုများနှင့် ဖမ်းဆီးမှုများမှ ကာကွယ်မှုများ၊ တိတ်ဆိတ်နေပိုင်ခွင့်၊ ရှေ့နေနှင့် စကားပြောဆိုခွင့်၊ ဖမ်းဆီးခံရပါက သို့မဟုတ် ဖယ်ရှားရေး လုပ်ငန်းစဉ်များကို ရင်ဆိုင်နေရပါက တရားမျှတသော လုပ်ငန်းစဉ်ဖြစ်စေရေး အာမခံချက်များ ပါဝင်သည်။ အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ အများပြည်သူနေရာတွင်ဖြစ်စေ၊ ဤအခွင့်အရေးများကို သိရှိပြီး ၎င်းတို့ကို မည်သို့ အသုံးချရမည်ကို သိရှိထားရန်မှာ အလွန်အရေးကြီးပါသည်။

ထရမ့်အစိုးရလက်ထက်တွင် ဘာတွေမျှော်လင့်ထားသင့်သလဲ

ဒုတိယမြောက် ထရမ့်အစိုးရလက်ထက်တွင် ရွှေ့ပြောင်းနေထိုင်ရေးမူဝါဒများ၌ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းရပါသည်။ ဤပြောင်းလဲမှုများတွင် ယခင်က ထရမ့်အစိုးရပထမသက်တမ်းတွင် စာရင်းသွင်းထားသော နိုင်ငံများ (ဥပမာ - အီရန်၊ နိုင်ဂျီးရီးယားနှင့် ယီမင်နိုင်ငံများ) ကို ဦးတည်သည့် ခရီးသွားတားမြစ်ချက်များ ပြန်လည်အသက်သွင်းခြင်း ပါဝင်နိုင်သည်။ ထို့အပြင် တရုတ်နှင့် အိန္ဒိယကဲ့သို့သော အခြားနိုင်ငံများကိုပါ ခရီးသွားတားမြစ်ချက်များ တိုးချဲ့သည်ကိုလည်း တွေ့မြင်ရနိုင်သည်။ ခိုလှုံခွင့်ဆိုင်ရာ အကာအကွယ်များကို ပိုမိုကန့်သတ်လာနိုင်ပြီး ကလေးဘဝက တရားမဝင်ရောက်ရှိလာသူများကို နေရပ်ပြန်မပို့ရေး (DACA) နှင့် ယာယီအကာအကွယ်ပေးအဆင့် (TPS) တို့ကဲ့သို့သော အစီအစဉ်များကို ဖျက်သိမ်းနိုင်သည်။ တရားဝင် ပြည်နှင်ရေး အမိန့်ရရှိထားသူများ သို့မဟုတ် ရာဇဝတ်မှတ်တမ်းရှိသူများကို အဓိကထား၍ အစုလိုက်အပြုံလိုက် ပြည်နှင်ခြင်းများကို မျှော်လင့်ထားသော်လည်း တရားရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် ဤကြိုးပမ်းမှုများမှာ နှောင့်နှေးနိုင်သည်။ အုပ်ထိန်းသူမဲ့ အရွယ်မရောက်သေးသူများနှင့် မိသားစုများအတွက် အကာအကွယ်များ လျော့နည်းလာနိုင်သည့်အတွက် မိသားစုလုံခြုံရေးအတွက် အစီအစဉ်များ ပြင်ဆင်ထားရန်နှင့် မိမိကိုင်ဆောင်သည့် စာရွက်စာတမ်းများကို သေချာစဉ်းစားရန် လိုအပ်ပါသည်။ နိုင်ငံတကာကျောင်းသားများနှင့် အလုပ်သမားများသည် ဗီဇာရရှိရန် ကြန့်ကြာမှုများနှင့် နောက်ကြောင်းစစ်ဆေးမှုများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီး သက်ရောက်သော ဒေသများမှ လာမည့်သူများအနေဖြင့် စာသင်ကာလမစမီ အမေရိကန်ပြည်ထောင်စုသို့ ပြန်လာရန် အကြံပြုထားပါသည်။ ထို့အပြင် အကာအကွယ်ပေးထားသော နေရာများနှင့်/သို့မဟုတ် အကာအကွယ်ပေးထားသော လှုပ်ရှားမှုများအတွင်း အချို့သော အရေးယူဆောင်ရွက်မှုများကို ကန့်သတ်ပေးထားသည့် မူဝါဒများကို (ဤမူဝါဒများနောက်ကွယ်တွင် ခိုင်မာသော ပြည်သူ့ရေးရာ မူဝါဒအကြောင်းပြချက်များ ရှိနေသော်လည်း) ပယ်ဖျက်နိုင်သည်။ ၎င်းအကြောင်းပြချက်များမှာ ကလေးများအတွက် စိတ်ဒဏ်ရာလျော့နည်းစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အခွင့်အရေးကို လေးစားရန် စသည်တို့ဖြစ်သည်။

ရှေ့ဆက်သွားမည့်လမ်း - ကြိုတင်ပြင်ဆင်မှုနှင့် စုပေါင်းစွမ်းအား

ဤစိန်ခေါ်မှုများကြားမှပင် ကြိုတင်ပြင်ဆင်မှုတွင် မျှော်လင့်ချက်နှင့် စွမ်းအားများ ရှိနေပါသည်။ ဥပဒေရေးရာအဖွဲ့အစည်းများ၊ အပြန်အလှန်ကူညီရေးအဖွဲ့များနှင့် ထောက်ပံ့ကူညီရေးကွန်ရက်များသည် ယခင်ကထက် ပိုမိုတက်ကြွစွာ လှုပ်ရှားနေပြီး ရွှေ့ပြောင်းနေထိုင်သူများ ဤမသေချာမရေရာသော အချိန်များကို ကျော်ဖြတ်နိုင်ရန် အထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိပါသည်။ မိသားစုအရေးပေါ်အစီအစဉ်တစ်ခု ရေးဆွဲခြင်း၊ အမြန်တုံ့ပြန်ဆောင်ရွက်ရေးကွန်ရက်များနှင့် ချိတ်ဆက်ခြင်း၊ ဥပဒေရေးရာ အပြောင်းအလဲများကို သိရှိထားခြင်းတို့သည် အဓိက ဗျူဟာများ ဖြစ်ပါသည်။ အေဂျင်စီများနှင့် လုပ်ငန်းခွင်များကလည်း ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်း၊ လုပ်ဆောင်ချက်အစီအစဉ်များ ရေးဆွဲခြင်း၊ ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသူများအတွက် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ ဖော်ပြခြင်းတို့ဖြင့် ကြိုတင်ပြင်ဆင်မှုကို ပံ့ပိုးကူညီနိုင်ပါသည်။ ခြိမ်းခြောက်နေသော အန္တရာယ်များသည် အမှန်တကယ်ရှိနေသလို ကျွန်ုပ်တို့၏ စွမ်းအားနှင့် ခံနိုင်ရည်ရှိမှုသည်လည်း အမှန်တကယ်ပင် ရှိနေပါသည်။ မိသားစု ခွဲခွာရေး မူဝါဒကို ပြောင်းပြန်လှန်ခြင်းဖြင့် သက်သေပြခဲ့သည့်အတိုင်း ပြည်သူ့အုံကြွမှုနှင့် လူထုစုစည်းမှုသည် အန္တရာယ်ရှိသော မူဝါဒများကို စိန်ခေါ်ရာတွင် ထိရောက်ကြောင်း သက်သေပြခဲ့သည်။

ကျွန်ုပ်တို့သည် ဤအခိုက်အတန့်ကို အတူတကွ ရင်ဆိုင်နိုင်ပါသည်။ ကျွန်ုပ်တို့၏ တန်ဖိုးများကို ကာကွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ စွမ်းအားကို ပြသနိုင်ပါသည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းကို ကာကွယ်နိုင်ပါသည်။

 

သင့်အခွင့်အရေးများကို သိရှိခြင်း။

နေ့စဉ်ဘဝတွင် အခြားနိုင်ငံမှ ရွေ့ပြောင်းလာရောက်နေထိုင်သူအဖြစ် မိမိ၏ အခွင့်အရေးများကို သိရှိနားလည်ခြင်းသည် - လမ်းပေါ်မှာ ၊ အိမ်မှာ သို့မဟုတ် ကျောင်းမှာ - အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန် ထိန်းသိမ်းရေး (ICE) သို့မဟုတ် ရဲများ၏ ဝင်ရောက်စစ်ဆေးခြင်းကို အကယ်၍ ခံရပါက သင့်အား စိတ်တည်ငြိမ်ခြင်းနှင့် သင့်ကိုယ်သင် ထောက်ခံအားပေးနိုင်ရန် ကူညီပေးနိုင်ပါသည်။ 

  • ACLU- ဒီစီ  -  တရားဥပဒေစိုးမိုးရေးနှင့် အပြန်အလှန် ဆက်ဆံရာတွင် အခြားနိုင်ငံမှ ရွေ့ပြောင်းနေထိုင်သူများ၏ အခွင့်အရေးများ - ဒေသခံ သို့မဟုတ် ဗဟိုအစိုးရနှင့် သက်ဆိုင်သော တရားဥပဒေစိုးမိုးရေး အရာရှိများ၏ ရပ်တန့်၍ မေးခွန်းမေးခြင်းခံရပါက သင် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်းကို လေ့လာပါ ။ ဤအရင်းအမြစ် ဒီစီ လင့်ခ်တွင် သင်၏ လူပြည်တွင်းသို့လာရောက်နေထိုင်မှုအခြေအနေနှင့်ပတ်သတ်သောဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို ရှင်းပြထားသည်။ လင့်ခ်
  • ACLU - သင်၏ ပြည်တွင်းသို့ လာရောက်နေထိုင်ခြင်း အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုရှိလာပါက သင်မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း : သင်၏နေထိုင်မှုအခြေအနေကို ဥပဒေစိုးမိုးရေးအဖွဲ့များ သို့မဟုတ် ICE အရာရှိများမှ မေးမြန်းလာပါက မည်ကဲ့သို့တုန့်ပြန်ရမည်နည်းကို လေ့လာပါ။ ပြရမည့်စာရွက်စာတန်း၊ မပြရမည့်စာရွက်စာတန်းများကို သိရှိရမည်။  လင့်ခ်
  • ACLU - လူမှုကြီးကြပ်ရေးမှုးများ သင့်အိမ်ရှေ့ရောက်လာပါက မည့်ကဲ့သို့လုပ်ဆောင်ရမည်နည်း။ : သင်၏ နေအိမ်ဝင်ခွင့် အခွင့်အရေးများနှင့် သင့်နေအိမ်အတွင်းသို့ တရားဝင် ဝင်ရောက်စစ်ဆေးရန် ICE ဘက်မှ မည်သည့်အချက်အလက်များ လိုအပ်ကြောင်းကို လေ့လာပါ။ လင့်ခ်
  • ကိုလံဘီယာခရိုင် ရှေ့နေချုပ်ရုံး : ရွေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်းကာကွယ်ရေး : ရွေ့ပြောင်းနေထိုင်နေသူများ၏ အခွင့်အရေးကိုကာကွယ်ရန် ဒေသခံကြိုးပမ်းမှုကိုရှင်းပြခြင်းနှင့် ကိုလံဘီယာခရ်ိုင်အတွက် သီးသန့်တရားဝင် ဥပဒေနှင့်မူဝါဒလမ်းညွှန်ချက်များကို ပေးပါ။  လင့်ခ်
    • လုပ်ငန်းခွင်ရှိ လူမှုကြီးကြပ်ရေး ကြပ်မတ်ရေးသည် သင့်အခွင့်အရေးများကို သိပါသည်။ ဝါရှင်းတန်ဒီစီ တွင် OAG ၏ လမ်းညွှန်ချက်များသည် အလုပ်ရှင်နှင့် အလုပ်သမားများအား သူတို့၏ အခွင့်အရေးများကို သိရှိစေရန် ကူညီပေးသည်။ အင်္ဂလိပ်ဘာသာလင့်ခ် | စပိန်ဘာသာလင့်ခ်
    • ကျောင်းများတွင် လူမှုကြီးကြပ်ရေး ကြပ်မတ်ခြင်း။ OAG ၏ လမ်းညွှန်ချက်များသည် ကျောင်းများတွင် လူဝင်မှုကြီးကြပ်ရေး စိုးမိုးမှုနှင့်ပတ်သက်၍ ကျောင်းသားအခွင့်အရေးနှင့် အချက်အလက်များကို ရှင်းလင်းရန်ကျောင်းသားများနှင့် မိသားစုများ၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် ကျောင်းခရိုင်ဝန်ထမ်းများအား ပံ့ပိုးကူညီရန် ရည်ရွယ်သည်။  လင့်ခ် (၂၀၂၅ မွမ်းမံမှု)
  • အမျိုးသားလူဝင်မှုကြီးကြပ်ရေးဥပဒေဌာန ( NILC) - အာမခံနှင့် ဆင့်ခေါ်စာနှင့် ဆိုင်သောအချက်အလက်စာရွက်: အကျုံးဝင်သော အာမခံနှင့် ဆင့်ခေါ်စာများကို ဖော်ပြရန် နှင့် ထိုနှစ်ခုထဲမှ တစ်ခုရှိခဲ့လျှင် လုပ်ဆောင်ရမည့် မိမိ တာဝန်များကို နားလည်ရန် လေ့လာပါ။  လင့်ခ်
  • သင့်၏ အခွင့်အရေးကို သိခြင်း။ : သင့်နှင့် သင်မိသားစုကို မည်ကဲ့သို့ ကာကွယ်ရမည်နည်းကို လေ့လာပါ : လူမှုကြီးကြပ်အရာရှိများနှင့် အပြန်အလှန်ပြောဆိုရာတွင် အခြေခံ လုပ်သင့် နှင့် မလုပ်သင့်သော အရာများ ဒေါင်းလုဒ်လုပ်နိုင်သောလမ်းညွှန်များအပါအဝင် ဝေငှပါ။ လင့်ခ်
  • လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ အရင်းအမြစ်ဌာန- လူဝင်မှုကြီးကြပ်ရေးဥပဒေ ၂၀၂၄တွင် ဖော်ပြထားသော ဒီစီ နှင့် နယ်မြေများ၏ မြေပုံ တွင် ဒေသဆိုင်ရာ မူဝါဒများသည် ဗဟိုလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးနှင့် မည်ကဲ့သို့ သက်ရောက်မှုရှိသနည်း စသည့် ပြည်နယ်အလိုက် အချက်အလက်များ နှင့် သင်၏ အဖွဲ့အစည်း မည်သည့်နေရာတွင် တည်ရှိနေကြောင်းရှာဖွေပါ ။ ဒီစီ ၏ တည်နေရာကို သိရှိရန် မြေပုံကို ပုံကြီးချဲ့ကြည့်ပါ - ၎င်း၏တည်နေရာသည် ဗာဂျီနီးယားနှင့်မေရီလန်း ကြားတွင်ရှိသောနေရာဖြစ်သည်။ ဤလင့်ခ်သည် ဒီစီ စတက်ကျူဆီသို့ရောက်စေသောလင့်ဖြစ်သည်။  လင့်ခ် (Please zoom in on the map to locate D.C.—it’s a small area between Virginia and Maryland. Here’s the link to the D.C. statute: https://bit.ly/3PJfbL0
  • NILC – အချက်အလက်စာရွက်- ထရန့် ၏ ကာကွယ်ရေးနယ်မြေမူဝါဒများ  ဖျက်သိမ်းခြင်းသည် အားလုံးအတွက် ဘေးကင်းစေခြင်း : ဇန်နဝါရီလ ၂၀ ရက် ၂၀၂၅ ခုနှစ်တွင် ခရစ်ယာန်ဘုရားကျောင်း၊ ကျောင်း နှင့် ဆေးရုံများ အစရှိသည့် အချို့သော ဧရိယာများကို အကာအကွယ်ပေးသော ဘိုင်တန်ခေတ်ပေါ်လစီကိုလူဝင်မှုကြီးကြပ်ရေး ကွပ်ကဲမှုမှ၊ ၎င်းကို ICE အေးဂျင့်များအား "သာမန်အသိတရား" ဟုခေါ်သော မည်သည့်နေရာများတွင်မဆို ပြဋ္ဌာန်းထားသော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရန် တွန်းအားပေးသော စွမ်းအားကို ပေးသည့် မထုတ်ဝေရသေးသော ညွှန်ကြားချက်ဖြင့် အစားထိုးခြင်းဖြင့် ထရန့်အစိုးရက ရပ်စဲလိုက်သည်။ဤအချက်အလက်များတွင်အကာအကွယ်ပေးသော ပေါ်လစီ, ဤနေရာများတွင် ချမှတ်ထားသော တရားဥပဒေများနှင့် ရွှေ့ပြောင်းအခြေချသူများ၏ မရှိမဖြစ်လိုအပ်သော ရပ်ရွာနေရာများနှင့် ဝန်ဆောင်မှုများဆီသို့ ရွှေ့ပြောင်းနေထိုင်သူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လှုံ့ဆော်သူများနှင့် ရပ်ရွာလူထုများ လုပ်ဆောင်နိုင်သည့် အဆင့်များကိုရှင်းပြထားသည်။ လင့်ခ်

  • Mijente – လူမျိုးရေးကိုယ်ရေးအကျဉ်းနှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ တွန်းလှန်ခြင်းများကို တွန်းလှန်ရန် အာရုံစိုက်၍ သင်၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကာအကွယ်များတွင် ဘာသာစကားနှစ်မျိုးသုံးပစ္စည်းများဖြစ်သော(အင်္ဂလိပ်ဘာသာနှင့် စပိန်ဘာသာ)နှင့် သင်၏အခွင့်အရေးကို ခုခံကာကွယ်ရန် သင်၏ အခွင့်အရေးကို သိထားပါ။  အင်္ဂလိပ်ဘာသာလင့်ခ် | စပိန်ဘာသာ လင့်ခ်
  • အမေရိကန် (နိုင်ငံတကာ သမဂ္ဂ/SEIU ဝန်ဆောင်မှုဝန်ထမ်းများအတွက် နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ တရားမျှတမှုဆိုင်ရာ လှုပ်ရှားမှု ပလက်ဖောင်း) – ရွေ့ပြောင်းနေထိုင်အလုပ်လုပ်သူအနေဖြင့် သင့်၏အခွင့်ရေး : ဤဆိုက်တွင် ရွေ့ပြောင်းနေထိုင်အလုပ်လုပ်သူ၏အခွင့်အရေးနှင့် ထိုအခွင့်အရေးများကို ကာကွယ်ပေးသော အကြောင်းအရာအချက်အလက်များကို ဖော်ပြထားသည်။  လင့်ခ်
  • United We Dream – Migra Watch : ICE လုပ်ဆောင်ချက်များကို အများသူငှါရှိသောနေရာများတွင် မျက်မြင်တွေ့ရှိခြင်းသို့မဟုတ် ကြုံတွေ့ပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်းကို ရှင်းပြထားသည်။ရွှေ့ပြောင်းအခြေချအဖွဲ့အစည်းအတွက် မည်သို့ရပ်တည်ရမည်ကို အမေရိကန် နိုင်ငံသားများနှင့် မဟာမိတ်များအတွက် လမ်းညွှန်ချက် ပေးထားသည်။  လင့်ခ်

mytubethumb play
%3Ciframe%20class%3D%22media-youtube-player%22%20width%3D%22580%22%20height%3D%22324%22%20title%3D%22Raids%20Watch%3A%20Know%20Your%20Rights%22%20src%3D%22https%3A%2F%2Fwww.youtube-nocookie.com%2Fembed%2FDSIX4GBP5es%3Fwmode%3Dopaque%26amp%3Bcontrols%3D1%26amp%3Bmodestbranding%3D1%26amp%3Brel%3D0%26amp%3Bshowinfo%3D0%26amp%3Bcolor%3Dwhite%26autoplay%3D1%26version%3D3%26playsinline%3D1%22%20name%3D%22Raids%20Watch%3A%20Know%20Your%20Rights%22%20frameborder%3D%220%22%20allowfullscreen%3D%22%22%20id%3D%22Raids%20Watch%3A%20Know%20Your%20Rights%22%20allow%3D%22autoplay%22%3EVideo%20of%20Raids%20Watch%3A%20Know%20Your%20Rights%3C%2Fiframe%3E
Privacy statement. This embed will serve content from youtube-nocookie.com.

mytubethumb play
%3Ciframe%20class%3D%22media-youtube-player%22%20width%3D%22580%22%20height%3D%22324%22%20title%3D%22Know%20Your%20Rights%3A%20Travel%20Edition%22%20src%3D%22https%3A%2F%2Fwww.youtube-nocookie.com%2Fembed%2FV8Gp6SnrjLQ%3Fwmode%3Dopaque%26amp%3Bcontrols%3D1%26amp%3Bmodestbranding%3D1%26amp%3Brel%3D0%26amp%3Bshowinfo%3D0%26amp%3Bcolor%3Dwhite%26autoplay%3D1%26version%3D3%26playsinline%3D1%22%20name%3D%22Know%20Your%20Rights%3A%20Travel%20Edition%22%20frameborder%3D%220%22%20allowfullscreen%3D%22%22%20id%3D%22Know%20Your%20Rights%3A%20Travel%20Edition%22%20allow%3D%22autoplay%22%3EVideo%20of%20Know%20Your%20Rights%3A%20Travel%20Edition%3C%2Fiframe%3E
Privacy statement. This embed will serve content from youtube-nocookie.com.

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများအတွက် ပြင်ဆင်ခြင်း

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများ ပြောင်းလဲသွားပါက အစီအစဉ်ရှိဖို့သည်အရေးကြီးပါသည်။ သင်၏ အလုပ်ခွင့်ပြုချက် သက်တန်းကုန်ဆုံးတော့မည် သို့မဟုတ် တရားဝင်နေထိုင်ခွင့်မရှိခဲ့ပါက သင့်ကိုယ်သင် ကာကွယ်ရန် အကူအညီတောင်းရန် ပြင်ဆင်ပါ

  • အစုလိုက်အပြုံလိုက် နှင်ထုတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် မိသားစုခွဲထွက်ခြင်းဆိုင်ရာ သဘောတရားများ :
    များပြားသော ချုပ်နှောင်ခြင်းနှင့် နေရပ်ပြန်ပို့ခြင်း လုပ်ငန်းများကို မည်ကဲ့သို့ နက်နက်ရှိုင်းရှိုင်းပြုလုပ်ခြင်းနှင့် မိသားစုများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်သနည်း။ ကြိုတင်အရေးယူလုပ်ဆောင်ချက်များတွင် ကျွန်ုပ်တို့မြင်ခဲ့ရသည့်အရာများနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ပြဋ္ဌာန်းအရေးယူမှုများတွင် စောင့်ကြည့်ရမည့်အရာများကို ပံ့ပိုးပေးပါသည်။ 
    လင့်ခ်
  • အမျိုးသား ရွှေ့ပြောင်းနေထိုင်သူများ တရားရေးဌာန ( NIJC) မှ လူဝင်မှုကြီးကြပ်ရေး ကြိုတင်ပြင်ဆင်မှု ကိရိယာအစုံ : ဤအရင်းအမြစ်တွင် ကြီးမားသော နေရပ်ပြန်ပို့ခံရခြင်းမှ သင်နှင့် သင်၏မိသားစုကို ကာကွယ်ရန် ထင်ရှားသောအချက်များကို ဖော်ပြထားသည် လင့်ခ်.
  • ကက်သလစ်တရားဝင် လူဝင်မှုကြီးကြပ်ရေးကွန်ရက် Inc. (CLINIC) မှ လျင်မြန်သော တုံ့ပြန်မှု ကိရိယာအစုံ : 
    စီးနင်းမှုများကို ဆန့်ကျင်ရန် သင့်အသိုင်းအဝိုင်းကို စည်းရုံးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး အတွက် အသင့်ပြင်စည်းရုံးရန်အတွက် လက်ကမ်းလမ်းညွှန်။ အဝေးရောက် , တရားဝင် အထောက်အပံ့ နှင့် စေတနာ့ဝန်ထမ်းညှိနှိုင်းခြင်း များအတွက် အဆင့်ဆင့်လုပ်ဆောင်ချက်များ ပါဝင်ပါသည်။  
    လင့်ခ်
  • mmigrant Legal Resource Center (ILRC) မှ လူဝင်မှုကြီးကြပ်ရေး ကြိုတင်ပြင်ဆင်မှု Toolkit - ဤ Toolkit သည် လူဝင်မှုကြီးကြပ်ရေး၏ ဝင်ရောက်စီးနင်းမှု သို့မဟုတ် အလားတူကိစ္စရပ်များဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားဥပဒေထိန်းသိမ်းရေးများတွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက် သင်နှင့် သင့်မိသားစုဝင်များ လိုက်နာလုပ်ဆောင်နိုင်သည့် လုပ်ဆောင်ရန်အဆင့်များကို ဖော်ပြထားပါသည်။ ၎င်းသည် ဥပဒေအကြံပြုချက်များ ရယူရန် လမ်းညွှန်ဖော်ပြပေးထားပြီး ရရှိနိုင်သည့် မတူညီသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရွေးချယ်စရာများကို ဖော်ပြထားပါသည်။  အင်္ဂလိပ် လင့်ခ် I စပိန် လင့်ခ်
  • တရားမျှတမှုဥပဒေရေးရာလမ်းညွှန်များအတွက် ACACIA စင်တာ- ဤစာရွက်စာတမ်းများနှင့် ဗီဒီယိုများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ဆိုင်သော ကိစ္စရပ်များအတွက် အထူးလမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။  လင့်ခ်
  • ဒီစက်တစ်ခုသည် D.C. မက်ထရိုရှိ မိသားစုများအတွက်ဖြစ်ပြီး၊ ထိုသည်သည် သွားရောက်လာရေးဆိုင်ရာ အရေးပေါ်အခြေအနေများအတွက် မိသားစုများနှင့် ၎င်းတို့၏ မိတ်ဆွေများအား နားလည်သဘောပေါက်စေရန်နှင့် အခွင့်အရေးများကို နားလည်စေရန် ရည်ရွယ်ပါသည်။ လင့်ခ် 

ICE အဖွဲ့၏ ဝင်ရောက်စီးနင်းမှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း

သင့်ပတ်ဝန်းကျင်တွင်  လူဝင်မှုကြီးကြပ်ရေး၏ တရားဥပဒေထိန်းသိမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လာနိုင်သည်ကို သံသယရှိပါက သို့မဟုတ် သိရှိပါက အမြန်ဆုံး နေရာပြောင်းရွှေ့ရန် အရေးကြီးပါသည်။

  • Catholic Legal Immigration Network, Inc. (CLINIC) မှ မြန်ဆန်ထိရောက်စွာ တုန့်ပြန်နည်း Toolkit-  ICE အဖွဲ့၏ ဝင်ရောက်စီးနင်းမှုအတွင်း ရပ်ရွာအလိုက် တုံ့ပြန်မှုအဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် ဥပဒေရေးရာ ပံ့ပိုးကူညီမှုများ ရရှိကြောင်း သေချာစေရေးအတွက် အသေးစိတ်နည်းလမ်းများကို ဖော်ပြထားသည်။  Link
  • Families United DC Metro: ဒီဆိုက်သည် ပြည်ပြားသားမိသားစုများနှင့် သူတို့ရဲ့ မိတ်ဖက်များအား မိမိအခွင့်အရေးများကို နားလည်ရန်နှင့် ဖြစ်နိုင်ခြေရှိသော ပြည်ပြားသားရေးအရေးပေါ်အခြေအနေများအတွက် ပြင်ဆင်ရန် အကူအညီပေးရန် ရည်ရွယ်သည်။ Link 
  • အရေးပေါ်အစီအစဉ် အကြံပြုချက်- ကိုယ်ရေးကိုယ်တာနှင့် မိသားစုဘေးကင်းရေး အစီအစဉ်များ ပြင်ဆင်ထားရှိခြင်းသည် (သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ခြင်းကဲ့သို့) အလွန်အရေးကြီးကြောင်း မီးမောင်းထိုးပြထားပါသည်။ ၎င်းတွင် ဆက်သွယ်ရန် နံပါတ်များစာရင်းဖန်တီးခြင်း၊ အရံစောင့်ရှောက်မှုပေးသူအား သတ်မှတ်ခြင်းနှင့် အခြားအရာများအတွက် အကြံပြုချက်များ ပါဝင်သည်။. English Link I Haitian-Creole Link I Spanish Link
    • သင်၏ အရေးပေါ် အစီအစဉ် သို့မဟုတ် လုံခြုံရေး အစီအစဉ်ကို ICE အဖွဲ့အား မဖော်ပြပါနှင့်- သင်၏ အရေးပေါ်အစီစဉ် သို့မဟုတ် လုံခြုံရေးအစီအစဉ် သည် သင်နှင့် သင်ယုံကြည်စိတ်ချရသည့် မိတ်ဆွေများ သို့မဟုတ် မိသားစုဝင်များအတွက် အသုံးပြုရန်သာဖြစ်သည်။ သင့်မွေးရပ်မြေနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ အပါအဝင်၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကြားနာမှုများတွင် သင့်အပေါ် တန်ပြန်အသုံးပြုနိုင်သည့် အချက်အလက်များ ပါဝင်နိုင်သောကြောင့် ၎င်းအစီအစဉ်များအား  ICE အဖွဲ့အား ပေးအပ်ခြင်း သို့မဟုတ် မျှဝေခြင်းမပြုလုပ်သင့်ပါ။
    • သင်၏ အခွင့်အရေးများကို သတိရပြီး ဘေးကင်းလုံခြုံစွာ နေထိုင်ပါ-
      • သင်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေနှင့် ပက်သက်၍ မလိမ်လည်ပါနှင့်၊ သို့မဟုတ် စာရွက်စာတမ်းအတုများ အသုံးမပြုပါနှင့်။
      • အခွင့်အရေးများ ချိုးဖောက်ခံရသည်ဟု သင်ယုံကြည့်တိုင်၊ ထွက်ပြေးခြင်း၊ ပြန်လည်ငြင်းခုန်ခြင်း၊ အရာရှိအား ဝတ္တရားနှောင့်ယှက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခုခံခြင်းများမပြုလုပ်ဘဲ စိတ်တည်ငြိမ်စွာဖြင့် ဘေးကင်လုံခြုံအောင်နေပါ။ သင်၏လက်များကို ရဲများ သို့မဟုတ် ICE အဖွဲ့ဝင်များ မြင်သာနိုင်သည့်နေရာတွင် ထားပါ။ 
      • သင့်တွင် နှုတ်ဆိတ်နေခွင့်ရှိပြီး သင်၏ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် နိုင်ငံသားဖြစ်တည်မှု အခြေအနေများအား ရဲများ၊ လူဝင်မှုကြီးကြပ်ရေး အေးဂျင့် သို့မဟုတ် အခြားအရာရှိများနှင့် ဆွေးနွေးရန် မလိုအပ်ပါ။ အရာရှိအား သင်ထုတ်ဖော်ပြောဆိုသမျှကို နောက်ပိုင်းလူဝင်မှုကြီးကြပ်ရေးတရားရုံးတွင် သင့်အပေါ်  တန်ပြန်အသုံးပြုနိုင်သည်။
      • အကယ်၍ သင်သည် အမေရိကန် နိုင်ငံသား မဟုတ်ပါက လူဝင်မှုကြီးကြပ်ရေး အေးဂျင့်က သင်၏ လူဝင်မှု ကြီးကြပ်ရေး စာရွက်စာတမ်းများ တောင်းခံပါက၊ သင့်တွင် ရှိလျှင်၊ ထိုစာရွက်စာတမ်းများကို ပြသရမည်။
      • လူဝင်မှုကြီးကြပ်ရေးအေးဂျင့်က သင့်အား ရှာဖွေရန်တောင်းဆိုပါက သင့်တွင် ငြင်းဆန်ပိုင်ခွင့်ရှိပါသည်။ အေးဂျင့်များသည် သင်၏ သဘောတူညီချက် မရရှိဘဲ၊ သို့မဟုတ် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ သင့်အား သို့မဟုတ် သင်၏ပိုင်ဆိုင်မှုများအား ရှာဖွေခွင့်မရှိပါ။
      • သင်သည် ၁၈ နှစ်အထက်ဖြစ်ပါက သင်၏ လူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်းများကို အမြဲတမ်း သယ်ဆောင်သွားပါ။ သင့်တွင် စာရွက်စာတမ်းများမရှိပါက အရာရှိအား သင်နှုတ်ဆိတ်နေလိုကြောင်း အသိပေးပြောကြားပါ၊ သို့မဟုတ် မေးခွန်းများအား မဖြေကြားမီ ရှေ့နေတစ်ဦးနှင့် ဆွေးနွေးတိုင်ပင်လိုကြောင်း ပြောပါ။

mytubethumb play
%3Ciframe%20class%3D%22media-youtube-player%22%20width%3D%22580%22%20height%3D%22324%22%20title%3D%22WE%20HAVE%20RIGHTS%3A%20When%20ICE%20Is%20Outside%20Our%20Doors%20%28English%29%22%20src%3D%22https%3A%2F%2Fwww.youtube-nocookie.com%2Fembed%2FpW4uixi4b_E%3Fwmode%3Dopaque%26amp%3Bcontrols%3D1%26amp%3Bmodestbranding%3D1%26amp%3Brel%3D0%26amp%3Bshowinfo%3D0%26amp%3Bcolor%3Dwhite%26autoplay%3D1%26version%3D3%26playsinline%3D1%22%20name%3D%22WE%20HAVE%20RIGHTS%3A%20When%20ICE%20Is%20Outside%20Our%20Doors%20%28English%29%22%20frameborder%3D%220%22%20allowfullscreen%3D%22%22%20id%3D%22WE%20HAVE%20RIGHTS%3A%20When%20ICE%20Is%20Outside%20Our%20Doors%20%28English%29%22%20allow%3D%22autoplay%22%3EVideo%20of%20WE%20HAVE%20RIGHTS%3A%20When%20ICE%20Is%20Outside%20Our%20Doors%20%28English%29%3C%2Fiframe%3E
Privacy statement. This embed will serve content from youtube-nocookie.com.

mytubethumb play
%3Ciframe%20class%3D%22media-youtube-player%22%20width%3D%22580%22%20height%3D%22324%22%20title%3D%22WE%20HAVE%20RIGHTS%3A%20Inside%20Our%20Homes%20%28English%29%22%20src%3D%22https%3A%2F%2Fwww.youtube-nocookie.com%2Fembed%2FX_tLoRdoECM%3Fwmode%3Dopaque%26amp%3Bcontrols%3D1%26amp%3Bmodestbranding%3D1%26amp%3Brel%3D0%26amp%3Bshowinfo%3D0%26amp%3Bcolor%3Dwhite%26autoplay%3D1%26version%3D3%26playsinline%3D1%22%20name%3D%22WE%20HAVE%20RIGHTS%3A%20Inside%20Our%20Homes%20%28English%29%22%20frameborder%3D%220%22%20allowfullscreen%3D%22%22%20id%3D%22WE%20HAVE%20RIGHTS%3A%20Inside%20Our%20Homes%20%28English%29%22%20allow%3D%22autoplay%22%3EVideo%20of%20WE%20HAVE%20RIGHTS%3A%20Inside%20Our%20Homes%20%28English%29%3C%2Fiframe%3E
Privacy statement. This embed will serve content from youtube-nocookie.com.

ကျောင်းများနှင့် တက္ကသိုလ်များတွင် လူဝင်မှုကြီးကြပ်ရေး၏ တရားဥပဒေထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း

ကျောင်းများနှင့် တက္ကသိုလ်များတွင် ၎င်းတို့၏ ရွှေ့ပြောင်းနေထိုင်သူ ကျောင်းသူကျောင်းသားများအား အကာအကွယ်ပေးရန် မူဝါဒများ ရှိကောင်းရှိနိုင်သော်လည်း ဖက်ဒရယ် နှင့် ဒေသတွင်းရှိ D.C. အဆင့်များတွင် သင်၏ အခွင့်အရေးများကို သိရှိနားလည်ထားရန် အရေးကြီးပါသည်။

  • ICEအဖွဲ့၏ ဝင်ရောက်စီးနင်းမှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း- ကျောင်းနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့၏ မိတ်ဖက်ဆောင်ရွက်မှုဆိုင်ရာလမ်းညွှန်- ကျောင်းနှင့်အနီးတစ်ဝိုက်တွင် လူဝင်မှုကြီးကြပ်ရေး တရားဥပဒေထိန်းသိမ်းရေးလုပ်ဆောင်မှုများ ဖြစ်ပွားပါက သင်ကြားသူများ၊ မိဘများနှင့် ကျောင်းသူကျောင်းသား ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများကို အဓိကဖော်ပြထားသည်။ ဘေးကင်းလုံခြုံပြီး အထောက်အကူဖြစ်စေမည့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးထောက်ပံ့ထားပါသည်။ လင့်ခ်
  • ကျောင်းများအတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားဥပဒေထိန်းသိမ်းရေးလုပ်ဆောင်ခြင်း။ ကျောင်းများအတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားဥပဒေထိန်းသိမ်းရေးဖြစ်စဉ်များအတွက် ကျောင်းသားများ၏ အခွင့်အရေးများနှင့် သတင်းအချက်အလက်များအား ရှင်းလင်းသေချာစေရန် ရှေ့နေချုပ်ရုံး (OAG)လမ်းညွှန်ချက်။ ဤ အရင်းအမြစ်သည် ကျောင်းသူကျောင်းသားများနှင့် မိသားစုဝင်များ၏ အခွင့်အရေးများကို ကာကွယ်ရေးအတွက် ကျောင်းခရိုင်ဝန်ထမ်းများအား ကူညီထောက်ပံ့ပေးရန် ရည်ရွယ်သည်။ လင့်ခ် (၂၀၂၅ အပ်ဒိတ်) 
  • DC ပြည်နယ်ပညာရေးမှူးရုံး - အိမ်ယာမဲ့များအတွက် ပညာရေးအစီအစဉ်-အိမ်ယာအတည်တကျ မရှိသေးသော ရွှေ့ပြောင်းနေထိုင်သူ ကျောင်းသားများအပါအဝင်၊ အိမ်ယာမဲ့အခြေအနေတွင် ကျရောက်နေသော ကျောင်းသားများ၏ ပညာရေးဆိုင်ရာအခွင့်အရေးများကို ကိုင်တွယ်ဖြေရှင်းပေးပါသည်။ မိဘများ ဖမ်းဆီးထိန်းသိမ်းခံထားရသော သို့မဟုတ်  ပြည်နှင်ဒဏ်ခံထားရသော ရွှေ့ပြောင်းနေထိုင်သူ ကျောင်းသားများသည် အိမ်ယာမဲ့အခြေအနေကြုံတွေ့နေရသော ကျောင်းသားများအတွက် သတ်မှတ်ထားသည့် အကာအကွယ်များနှင့် ဝန်ဆောင်မှုများအတွက် အရည်အချင်းပြည့်မီနိုင်ပါသည်။ လင့်ခ်
  • U.S. ပညာရေးဝန်ကြီးဌာန- ရွှေ့ပြောင်းနေထိုင်သူ ကျောင်းသားများအတွက် တန်းတူညီမျှ ပညာရေးရရှိခွင့် သေချာစေရေး- ခွဲခြားဆက်ဆံမှု ကြိုတင်ကာကွယ်ရေး၊ ကျောင်းသားအခွင့်အရေးများအား အကာအကွယ်ပေးရေးနှင့် အစိုးရကျောင်းများသို့ ကလေးအားလုံး တက်ရောက်နိုင်ရေးတို့ကို သေချာစေရန်အတွက် လမ်းညွှန်ပေးသည်။ လင့်ခ်
  • UCLA- ကျောင်းတွင်း စိတ်ကျန်းမာရေးဆိုင်ရာ စီမံကိန်း- ရွှေ့ပြောင်းနေထိုင်သူ ကျောင်းသားကျောင်းသူများ ကြုံတွေ့ရသည့် စိတ်ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးတိုင်ပင်ပေးပြီး ကူညီထောက်ပံ့မှုများပေးအပ်ရန် အကျောင်းများအတွက် မဟာဗျူဟာများ ချမှတ်ပေးသည်။ လင့်ခ်
  • Standby Guardianship မှ အရင်းအမြစ်များ- မိသားစုများသည် မမျှော်လင့်ဘဲ ဖမ်းဆီးထိန်းသိမ်းခံရပါက ကလေးများအား မည်သူကဆက်လက်ပြုစုစောင့်ရှောက်ရမည်ကို တရားဝင် စီစဉ်သတ်မှတ်ထားနိုင်ပါသည်။ ဤ Link များသည် D.C.၊ Maryland နှင့် Virginia တို့အတွက် လုပ်ငန်းစဉ်များကို ဖော်ပြပေးထားပါသည်။
  • ပြင်ဆင်ဖို့အတွက် ကျွန်ုပ်ဘာလုပ်ရမလဲ။
    • လုံခြုံရေးအစီအစဉ်တစ်ခုကို ဖန်တီးပါ -
      • သင်၏ အရေးပေါ်ခေါ်ဆိုရန်ပုဂ္ဂိုလ်များကို သတ်မှတ်၍ သူတို့၏ ဖုန်းနံပါတ်များကို အလွတ်မှတ်ထားပါ။
      • သင်ကျောင်းမကြိုနိုင်ပါက ကိုယ်စားကြိုပေးမည့်သူ၏ အရေးပေါ်ဆက်သွယ်ရန်နံပါတ်များကို သင့်ကလေး(များ) ၏ ကျောင်း သို့မဟုတ် ကလေးထိန်းစင်တာအား ပေးထားပါ။
      • အရေးပေါ်ဆက်သွယ်ရန် ပုဂ္ဂိုလ်အား သင့်ကလေးအတွက် ကျန်းမာရေးနှင့် ဥပဒေရေးရာ ဆုံးဖြတ်ချက်များချမှတ်ခွင့်ကို စာဖြင့်ရေးသား၍ တရားဝင်အပ်နှင်းထားပါ။
      • သင်နှင့်ရင်းနှီးသောသူများအား အကယ်၍ သင်သည် ICE ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပါက ICE ၏ ဖမ်းဆီးထိန်းသိမ်းခံရသူများ တည်နေရာကို Online ပေါ်တွင်ရှာဖွေရန် ကြိုးပမ်းနိုင်ကြောင်း ပြောထားပါ - https://locator.ice.gov/odls/#/search.
      • ယုံကြည်စိတ်ချရသော မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးအား သင်ရေးသားထားသော အရေးပေါ်အစီအစဉ်ကို မည်သည့်နေရာတွင်ရှာဖွေနိုင်ကြောင်း ပြောပြထားပါ။ ထိုအစီအစဉ်အား သင့်ကိုယ်ပေါ်တွင် မသယ်ဆောင်သွားပါနှင့်၊ ICE ကို မပြောပြပါနှင့်။ လင့်ခ်
      • မိဘများ သို့မဟုတ် အုပ်ထိန်းသူများ ထိမ်းသိမ်းခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ခံရခြင်းအပါအဝင်၊  ၎င်းတို့၏ကလေး(များ)အား ပြုစုစောင့်ရှောက်ခြင်းမပြုနိုင်သည့်အခါများတွင်  ကလေး(များ)အား ပြုစုစောင့်ရှောက်ရန် အရံအုပ်ထိန်းသူအား ကြိုတင်သတ်မှတ်ရန် ခွင့်ပြုပေးသည့် DC Standby Guardianship အကြောင်း လေ့လာပါ။ DC Standby Guardianship သည် မိဘများ၏ တရားဝင်အခွင့်အရေးများကို ရပ်စဲခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ မပြုလုပ်ဘဲ မိဘများက ထိုသတ်မှတ်ခြင်းအား အချိန်မရွေး ရပ်စဲနိုင်ပါသည်။ လင့်ခ်
      • အကယ်၍ သင်သည် ICE ၏ ဖမ်းဆီးထိန်းသိမ်းထားပြီး ပြင်ပနှင့် အဆက်အသွယ်၍မရပါက၊ သင်ရွေးခြယ်ထားသည့်သူသည် သင့်ကိုယ်စား ရှေ့နေတစ်ဦးကို  ခေါ်ယူနိုင်စေရန် နှင့်/သို့မဟုတ် သင့်ကိုယ်စားတရားစွဲဆိုနိုင်ရန် တရားဝင်ကိုယ်စားလှယ်လွဲအပ်သည့် စာရွက်စာတမ်းတစ်ခုကို ပြုလုပ်ထားရန် ထည့်သွင်းစဉ်းစားပါ။
    • We Have Rights: ဘာသာစကားပေါင်းစုံပါဝင်ပြီး ICE နှင့် ထိတွေ့ဆက်ဆံရချိန်တွင် လမ်ညွှန်ပေးပြီး စိန်ခေါ်ရန်အတွက် နည်းလမ်းများဖြင့် ရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်းများကို ခွန်အားပေးနေသည့် ကမ်းပိန်းတစ်ခုဖြစ်သည်။ ICE ၏ ဖမ်းဆီးထိန်းသိမ်းမှုများအား မှတ်တမ်းတင်ရန် နှင့် တုန့်ပြန်ဆောင်ရွက်ရန်အတွက် ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်ဝန်းကျင်ရှိသူများအား အထောက်အကူပေးရန်အတွက် Know Your Rights ဗီဒီယိုများအား အင်္ဂလိပ်၊ စပိန်၊ အာရပ်၊ တရုတ်၊ ဟေတီ- ခရီရိုး၊ ရုရှားနှင့် အူရဒူ ဘာသာစကားများဖြင့် ကြည့်ရှုနိုင်ပါသည်။ လင့်ခ်
    • mytubethumb play
      %3Ciframe%20class%3D%22media-youtube-player%22%20width%3D%22580%22%20height%3D%22324%22%20title%3D%22WE%20HAVE%20RIGHTS%3A%20In%20Our%20Communities%2C%20In%20Our%20Streets%20%28English%29%22%20src%3D%22https%3A%2F%2Fwww.youtube-nocookie.com%2Fembed%2FFrK8aaGxRJE%3Fwmode%3Dopaque%26amp%3Bcontrols%3D1%26amp%3Bmodestbranding%3D1%26amp%3Brel%3D0%26amp%3Bshowinfo%3D0%26amp%3Bcolor%3Dwhite%26autoplay%3D1%26version%3D3%26playsinline%3D1%22%20name%3D%22WE%20HAVE%20RIGHTS%3A%20In%20Our%20Communities%2C%20In%20Our%20Streets%20%28English%29%22%20frameborder%3D%220%22%20allowfullscreen%3D%22%22%20id%3D%22WE%20HAVE%20RIGHTS%3A%20In%20Our%20Communities%2C%20In%20Our%20Streets%20%28English%29%22%20allow%3D%22autoplay%22%3EVideo%20of%20WE%20HAVE%20RIGHTS%3A%20In%20Our%20Communities%2C%20In%20Our%20Streets%20%28English%29%3C%2Fiframe%3E
      Privacy statement. This embed will serve content from youtube-nocookie.com.
    • mytubethumb play
      %3Ciframe%20class%3D%22media-youtube-player%22%20width%3D%22580%22%20height%3D%22324%22%20title%3D%22Empowering%20Educators%3A%20Know%20Your%20Rights%20Webinar%20for%20Educators%20of%20Immigrant%20Students%22%20src%3D%22https%3A%2F%2Fwww.youtube-nocookie.com%2Fembed%2FIb7pHrd9iGk%3Fwmode%3Dopaque%26amp%3Bcontrols%3D1%26amp%3Bmodestbranding%3D1%26amp%3Brel%3D0%26amp%3Bshowinfo%3D0%26amp%3Bcolor%3Dwhite%26autoplay%3D1%26version%3D3%26playsinline%3D1%22%20name%3D%22Empowering%20Educators%3A%20Know%20Your%20Rights%20Webinar%20for%20Educators%20of%20Immigrant%20Students%22%20frameborder%3D%220%22%20allowfullscreen%3D%22%22%20id%3D%22Empowering%20Educators%3A%20Know%20Your%20Rights%20Webinar%20for%20Educators%20of%20Immigrant%20Students%22%20allow%3D%22autoplay%22%3EVideo%20of%20Empowering%20Educators%3A%20Know%20Your%20Rights%20Webinar%20for%20Educators%20of%20Immigrant%20Students%3C%2Fiframe%3E
      Privacy statement. This embed will serve content from youtube-nocookie.com.

လုပ်ငန်းခွင်အတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတင်းကြပ်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

လုပ်ငန်းခွင်၌ ICE ပေါ်ပေါက်လာပါက အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏ တာဝန်များကို နားလည်သိရှိနိုင်သည် သို့မဟုတ် မသိရှိနိုင်ပါ။ သင်၏ ဝန်ထမ်းများအား ကာကွယ်ပေးရမည့် နည်းလမ်းတို့ကို လေ့လာပါ။

  • အမျိုးသား လူဝင်မှုကြီးကြပ်ရေး ဥပဒေရေးရာ စင်တာ – အလုပ်ရှင်များအတွက် လမ်းညွှန်ချက်- လုပ်ငန်းခွင်သို့ လူဝင်မှုကြီးကြပ်ရေးမှ အေးဂျင့်များ ရောက်ရှိလာပါက အလုပ်ရှင်များအနေဖြင့် မည်သို့ ဆောင်ရွက်ရမည်ကို ရှင်းပြပါ။ အလုပ်သမား၏ အခွင့်အရေးများအား အလေးထား ဆောင်ရွက်ပါ။ လင့်ခ်

 

ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းတို့နှင့် ပတ်သက်သော အရင်းအမြစ်များအပြင် ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်း

သင် သို့မဟုတ် သင် ချစ်ခင်ရသူတစ်ယောက်သည် ထိန်းသိမ်းခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခံရခြင်း သို့မဟုတ် ရှုပ်ထွေးပွေလီသော လူဝင်မှုကြီးကြပ်ရေး ပြဿနာ တစ်ခုခုတို့ဖြင့် ကြုံတွေ့ရပါက၊ အဆိုပါ အဖွဲ့များမှ အခမဲ့ သို့မဟုတ် ငွေကုန်ကြေးကျ နည်းသော ဥပဒေပိုင်းဆိုင်ရာ အကူအညီကို ပံ့ပိုးပေးပါသည်။

  • လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားရုံးချုပ်ရှေ့နေများ ကွန်ရက်- အခမဲ့ဆောင်ရွက်ပေးသော ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်များ နှင့် ငွေကုန်ကြေးကျ နည်းသော လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှု ပေးသူများ ပါဝင်သည့် အမျိုးသားကွန်ရက်တစ်ခု။ သင့် အနီးပတ်ဝန်းကျင်တွင် ရှေ့နေတစ်ဦး ရှာဖွေရန် ၎င်းတို့၏ လမ်းညွှန်မှုကို အသုံးပြုပါ။ လင့်ခ်
  • AILA ရှေ့နေ- အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေများ အဖွဲ့အစည်းမှ တရားဝင် လမ်းညွှန်ချက်။ တည်နေရာနှင့် လက်တွေ့လုပ်ဆောင်မှု နယ်ပယ်အလိုက် ရှာဖွေကြည့်ရှုပါ။ လင့်ခ်
  • ဥပဒေပိုင်း ကျွမ်းကျင်သော အခမဲ့ ဝန်ဆောင်မှုပေးသူများစာရင်း (တရားရေးဌာန)- အခမဲ့ သို့မဟုတ် ငွေကုန်ကြေးကျ နည်းသော ဥပဒေပိုင်းဆိုင်ရာ ကိုယ်စားပြု ဆောင်ရွက်မှု စာရင်း အပြည့်အစုံ။ ပြည်နယ်နှင့် ဒေသအလိုက် ဖွဲ့စည်းထားသည်။ လင့်ခ်
  • နိုင်ငံရေး ခိုလှုံခွင့် ရရှိအောင် လုပ်ဆောင်ပေးခြင်း- ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်နှင့် အဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုတို့ကို စိစစ်ရန်အတွက် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများနှင့် ဆက်သွယ်ပါ။ တစ်စုံတစ်ယောက် ထိန်းသိမ်းခံရပါက သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရပါက၊ စပိန်နိုင်ငံ၏ သတင်းအရင်းအမြစ်အရ အမြန်လုပ်ဆောင်ရန် အရေးကြီးပါသည်။ ချစ်ခင်ရသူတစ်ဦးကို ရှာဖွေရန်အတွက် ဤသတင်းအရင်းအမြစ်များကို အသုံးပြုပြီး၊ ၎င်းတို့၏ လွတ်မြောက်ရေးအတွက် အစီအစဉ်များ ရေးဆွဲကာ၊ ၎င်းတို့၏ အခွင့်အရေးများကို သိရှိနားလည်အောင် ဆောင်ရွက်ပါ။ လင့်ခ်
  • ICE – ထိန်းသိမ်းခံရသူများကို အွန်လိုင်းမှ ရှာဖွေသည့်စနစ်- တစ်စုံတစ်ယောက်ကို ICE ထိန်းသိမ်းရေးစခန်းတွင် ရှာဖွေရန်အတွက် အစိုးရ၏ တရားဝင် တူးလ်တစ်ခု ဖြစ်သည်။ နောက်ဆုံးရ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြထားသော်လည်း တခါတရံတွင် နှောင့်နှေးမှုများ ကြုံတွေ့ရနိုင်သည်။  လင့်ခ်
  • လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှုကို သတိပြုရှောင်ရှားပါ-
    • အသိအမှတ်ပြုခံထားရသော အကျိုးအမြတ် မယူသည့် တရားရေးအဖွဲ့အစည်းဌာနတစ်ခုရှိ ရှေ့နေတစ်ဦး သို့မဟုတ် တရားဝင် ခန့်အပ်ခံထားရသော ကိုယ်စားလှယ်တစ်ဦးထံမှသာ ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက် တောင်းခံပါ။
    • ရှေ့နေများအနေဖြင့် ကျင့်ထုံးဥပဒေအရ အမေရိကန်ပြည်ထောင်စုမှ လိုင်စင်တစ်ခု ရရှိထားရမည်။ ၎င်းတို့၏ ရှေ့နေလိုင်စင်ကို ပြသခိုင်းပါ။ အခြားနိုင်ငံများမှ ရှေ့နေလိုင်စင်များကို အမေရိကန်နိုင်ငံ၏ ကျင့်ထုံးဥပဒေအရ ခွင့်မပြုပါ။ တရားဝင် ခန့်အပ်ခံထားရသော ကိုယ်စားလှယ်များကို လက်ခံမည်ဖြစ်ပြီး တရားရေးဌာနမှ အသိအမှတ်ပြုထားသော အကျိုးအမြတ် မယူသည့် အေဂျင်စီတစ်ခုအတွက် လုပ်ကိုင်ဆောင်ရွက်ရမည်။ ၎င်းတို့၏ တရားဝင်အသိအမှတ်ပြု စာရွက်စာတမ်းများကို ပြသခိုင်းပါ။
    • အချက်အလက်အမှားများ ပါသော လျှောက်လွှာကို မည်သည့်အခါမှ လက်မှတ် မထိုးပါနှင့်။ 
    • ဖောင်အလွတ်တစ်ခုကို မည်သည့်အခါမှ လက်မှတ်မထိုးပါနှင့်။
    • သင်လက်မှတ်ထိုးသော အရာတိုင်းအတွက် မိတ္တူများ တောင်းခံပါ။
    • လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှုကို သတိပြု ရှောင်ရှားရမည့် နည်းလမ်းများနှင့်ပတ်သက်သော NIJC ၏ လမ်းညွှန်ချက် အပြည့်အစုံကို ဖတ်ရှုပါ။ လင့်ခ်
  • ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လိမ်လည်မှုများအတွက် သတိရှိပါ-
    • လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လွတ်မြောက်ရေး အစီအစဉ်သစ် (သို့) အမြန်လွတ်မြောက်ရေးတို့ကို ကတိပြုထားသော ဆိုရှယ်မီဒီယာပို့စ်များကို မယုံကြည်ပါနှင့်။
    • အမေရိကန်အစိုးရ (အမိမြေ လုံခြုံရေးဌာန၊ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ပိုင်းဆိုင်ရာ ဥပဒေတင်းကြပ်မှုအပြင် ပြည်နယ်ဦးစီးမှူးရုံး အပါအဝင်) သည် WhatsApp သို့မဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် သင့်အား မည်သည့်အခါမှ ဆက်သွယ်မည် မဟုတ်ပါ။
    • ကန့်သတ်ထားသော ခြွင်းချက်များနှင့်အတူ (ထိန်းသိမ်းခံထားရာမှ လွတ်မြောက်လာသူများအပြင် တယ်လီဖုန်းမှတစ်ဆင့် ICE ဖြင့် စာရင်းသွင်းရမည်ဟု ပြောဆိုသူများ အစရှိသည့်) အမေရိကန်အစိုးရသည် တစ်ဦးချင်းစီအား ဖုန်းဖြင့် ဆက်သွယ်လေ့ မရှိပါ။
    • လူဝင်မှုကြီးကြပ်ရေးအရာရှိ သို့မဟုတ် အခြားအစိုးရအရာရှိဟု ဆိုသူတို့ထံမှ မျှော်မှန်းမထားသော စာတိုတစ်စောင် သို့မဟုတ် ဖုန်းခေါ်ဆိုမှုတစ်ခုကို သင် လက်ခံရရှိပါက၊ မတုံ့ပြန်ပါနှင့် သို့မဟုတ် ကိုယ်ရေးအချက်အလက်များ မမျှဝေပါနှင့်။
    • “လုပ်ငန်းဆောင်ရွက်ရေးအတွက် အခကြေးငွေ” သို့မဟုတ် အခြားမည်သည့် အကြောင်းပြချက်အတွက်မဆို အခကြေးငွေ ပေးဆောင်ရန်အတွက် ငွေကို ကြေးနန်းဖြင့် ပေးပို့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း မပြုလုပ်ရ။ သံသယရှိပါက၊ တစ်ခုခု မလုပ်ဆောင်မီ ရှေ့နေတစ်ဦး သို့မဟုတ် တရားဝင် အသိအမှတ်ပြုခံထားရသော ကိုယ်စားလှယ်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပါ။
    • အတည်မပြုနိုင်သော အချက်အလက်များကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခြင်းအား ရှောင်ရှားပါ။

mytubethumb play
%3Ciframe%20class%3D%22media-youtube-player%22%20width%3D%22580%22%20height%3D%22324%22%20title%3D%22WE%20HAVE%20RIGHTS%3A%20If%20ICE%20Arrests%20Us%20%28English%29%22%20src%3D%22https%3A%2F%2Fwww.youtube-nocookie.com%2Fembed%2FxOOjvP36ubo%3Fwmode%3Dopaque%26amp%3Bcontrols%3D1%26amp%3Bmodestbranding%3D1%26amp%3Brel%3D0%26amp%3Bshowinfo%3D0%26amp%3Bcolor%3Dwhite%26autoplay%3D1%26version%3D3%26playsinline%3D1%22%20name%3D%22WE%20HAVE%20RIGHTS%3A%20If%20ICE%20Arrests%20Us%20%28English%29%22%20frameborder%3D%220%22%20allowfullscreen%3D%22%22%20id%3D%22WE%20HAVE%20RIGHTS%3A%20If%20ICE%20Arrests%20Us%20%28English%29%22%20allow%3D%22autoplay%22%3EVideo%20of%20WE%20HAVE%20RIGHTS%3A%20If%20ICE%20Arrests%20Us%20%28English%29%3C%2Fiframe%3E
Privacy statement. This embed will serve content from youtube-nocookie.com.

ရှေ့ရေးအတွက် မျှော်မှန်းထားခြင်း- သမ္မတထရန့်၏ ဒုတိယအကြိမ် စီမံအုပ်ချုပ်ရေး

ဥပဒေပိုင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးပိုင်းဆိုင်ရာတို့တွင် အခက်အခဲများ ရှိသော်လည်း၊ သမ္မတထရန့်၏ ပထမအကြိမ် စီမံအုပ်ချုပ်ရေးအဖြစ် လူဝင်မှုကြီးကြပ်ရေးပိုင်းဆိုင်ရာ ဥပဒေ တိုးမြှင့်တင်းကြပ်ခြင်းမှာ လူသိများခဲ့သည်။ ယခင်က ကျွန်ုပ်တို့ တွေ့ခဲ့ရသည့်အတိုင်း နားလည်လွယ်ပြီး၊ တစ်သမတ်တည်းဖြစ်သော “မိမိအခွင့်အရေးများအား သိနားလည်ခြင်း” လေ့ကျင့်သင်ကြားရေးအပြင် အားကောင်းသော အသိုက်အဝန်း၏ ညွန့်ပေါင်းအဖွဲ့များသည် ရွှေ့ပြောင်းနေထိုင်သူများအား ထိရောက်သည့် နည်းလမ်းများဖြင့် ကာကွယ်ပေးနိုင်ပါသည်။

ယခုအချိန်တွင် သင် မည်သို့ လုပ်ဆောင်နိုင်သနည်း။

  1. မျက်စိဖွင့် နားစွင့်ထားပါ- ဥပဒေများနှင့် မူဝါဒများသည် အလျင်အမြန် ပြောင်းလဲနေသည်။ ACLU ၊ အမျိုးသား လူဝင်မှုကြီးကြပ်ရေး ဥပဒေရေးရာစင်တာ (NILC)၊ ဥပဒေပိုင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ကက်သလစ် ကွန်ရက်၊ Inc. (CLINIC) သို့မဟုတ် သင်၏ ဒေသတွင်း အပြန်အလှန် အကူအညီပေးရေးအဖွဲ့ ကဲ့သို့သော စိတ်ချယုံကြည်ရသည့် အဖွဲ့အစည်းများကို ဖော်လိုးလုပ်ထားပါ။ 
  2. အစီအစဉ်တစ်ခု ရေးဆွဲထားပါ- အတင်းအကြပ် စေခိုင်းခံရပါက အရေးပေါ် ဆက်သွယ်ရမည့် စာရင်း၊ ဥပဒေရေးရာ စာရွက်စာတမ်းများနှင့် မိသားစု စောင့်ရှောက်ရေး အစီအစဉ်များ ထားရှိပါ။
    • လုံခြုံသော နေရာတစ်ခုတွင် စာရွက်စာတမ်းများကို စုဆောင်းထားပါ-
      • သင်၏ အထောက်အထား အချက်အလက်နှင့် ငွေကြေးပိုင်းဆိုင်ရာ အချက်အလက်များကို လုံခြုံသည့် နေရာတစ်ခုတွင် သိမ်းဆည်းထားပါ။
      • အမေရိကန်ပြည်ထောင်စုတွင် သင် နေထိုင်ခဲ့ဖူးသော အချိန်ကို ဖော်ပြထားသည့် စာရွက်စာတမ်းများကို စုဆောင်းထားပါ။ လတ်တလော နေထိုင်ခဲ့သော နှစ်နှစ်မှာ အရေးကြီးဆုံးဖြစ်သည်။ ၎င်းတွင် အမေရိကန်နိုင်ငံ၏ ဝင်ငွေခွန် ပြန်တမ်းများ၊ ဘက်စုံသုံး ကျသင့်ငွေ တောင်းခံလွှာများ၊ အငှားစာချုပ်များ၊ ကျောင်းမှတ်တမ်းများ၊ ဆေးမှတ်တမ်းများ၊ ဘဏ်မှတ်တမ်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများ ပါဝင်နိုင်သည်။
      • အရေးပေါ်အခြေအနေတွင် ထိုစာရွက်စာတမ်းများအားလုံးကို ဝင်ရောက်အသုံးပြုနိုင်အောင် သေချာစွာ ဆောင်ရွက်ပါ။

    မဟာမိတ်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း- ဒေသတွင်း ထောက်ခံအားပေးသည့် ကွန်ရက်များ၊ အလျင်အမြန် ပြန်ကြားဆောင်ရွက်နိုင်သော အဖွဲ့များ သို့မဟုတ် သတင်းအရင်းအမြစ်များနှင့် အကူအညီများ ပေးနိုင်သော စေတနာ့ဝန်ထမ်း အဖွဲ့များနှင့် ဆက်သွယ်ပါ။